မိုင်းယန်းခရိုင် မိုင်းယန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှည့်လည်နှိုးဆော်

မိုင်းယန်း ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအပိုင်း ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဆောင်‌ရွက်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ ည ၇ နာရီက မဲဆန္ဒရှင်ပြည်သူများအား အသိပေးကြေငြာချက်များကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ အများပြည်အားလုံး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအပိုင်း ပါဒီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများ၊ အထွေထွေရွေးကောက်ပွဲကျင်းပနေစဉ် မဲဆန္ဒရှင်ပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး မဲပေးကြရန် စသည့်အကြောင်းအရာများအား ပြည်သူများသိရှိစေရန် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး