လဲချား ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ် အပိုင်း(၂)တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒပြည်သူများ၏ မဲစာရင်းနံပါတ် တုံကင်လက်မှတ်များကို Door to Door စနစ်ဖြင့် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ မြေပြင်တစ်အိမ်တက်ဆင်း၍ ကြိုတင်ဖြန့်ဝေလျက်ရှိပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနန်းတင့်ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များသည် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)