ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ငပုတော ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့က ငပုတောမြို့ ရှုခင်းသာကားဝန်းအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်‌ဆန်းဦးနှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးကြကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဖိုင်နယ်ပွဲစဥ် အင်ပါယာ အသင်းနှင့် တို့ကျောင်းသားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမဆုရရှိသော အင်ပါယာ အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးကလည်းကောင်း၊ ဒုတိယဆုရရှိသော တို့ကျောင်းသားအသင်းအား အဖွဲ့ဝင်ဗိုလ်မှူးရဲလင်းထွန်းကလည်းကောင်း၊ တတိယဆုရရှိသော မီးသတ်အသင်းအား အဖွဲ့ဝင်ဦးသန်းဦးကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ