ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ကျောက်တလုံးကြီး ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး တောင်ကြီးမြို့ ခရိုင်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သိန်းထွန်း၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ် ဆရာ ဦးချိုနိုင်ထွန်းတို့က အဖွင့်အမှာစကား​ပြောကြားပြီး ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က ပညာရေး စုံညီပွဲတော်ပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုပြောကြားကာ  မိဘဆရာအသင်း ကျောင်းအကျိုး ဆောင်အဖွဲ့ ဥက္ကဌ ဦးခွန်သန်းထိုက်အောင်က ကျေးဇူးတင်စကား အသီးသီးပြောကြားကြသည်။

ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရပ်အလိုက် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအတွက် တာဝန်ရှိသူများ က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက ကပြဖျော်ဖြေခဲ့ကြကြောင်းနှင့် ပညာရေးစုံညီပွဲတော်သို့ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး များ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ကြကြောင်းသိရသည်။

သန္တာ