‎မဟာအောင်မြေမြို့နယ်၌ ကြိုတင်မဲပေးနေမှုနှင့် မဲရုံခင်းကျင်းမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော် လာရောက်ကြည့်ရှု

မဟာအောင်မြေ ဇန်နဝါရီ ၆

မဟာအောင်မြေမြို့နယ်၌ ကြိုတင်မဲပေးနေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုသည်။

ထိုသို့ လှည့်လည်ကြည့်ရှုရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော်က အပိုင်း(၂)အဖြစ် ကျင်းပပြုလုပ်မည့်မဟာအောင်မြေမြို့နယ်အနေဖြင့် ‌သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများဖြင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ရပ်ကွက်ရှိ ကြိုတင်ဆန္ဒမဲပေးနေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော်နှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက မဟာအောင်မြေမြို့နယ်ရှိ ၁၈ ရပ်ကွက်အနက် သံလျှက်မှော်အရှေ့ရပ်ကွက်ရှိ ကြိုတင်ဆန္ဒမဲ ပေးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး မဲရုံများခင်းကျင်းပြသမှုနှင့်ပတ်သက်၍လည်း လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ လှည့်လည်ကြည်ရှုစစ်ဆေးမှုများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်တို့မှ လှည့်လည်ကြည့်ရှု ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း