မိုးနဲမြို့နယ် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း(လွိုင်ချို)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

မိုးနဲ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း(လွိုင်ချို)၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ကျောင်းသား/ သူများ သိသင့်သိထိုက်သော ကလေးငယ်များ သတိပြုရန်အချက်များကို ပြောကြားပေးခဲ့သည်။

ဆက်လက်၍ ဗဟုသုတရဖွယ် စာအုပ်စာစောင်များအား လွယ်လင့်တကူဖတ်ရှုလေ့လာနိုင်ရေး စာအုပ်ပြပွဲကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအသိပညာပေးနှင့် သတိပြုဖွယ်ပလတ်စတစ်အန္တရာယ်အကြောင်း သိကောင်းစရာများပါရှိသော နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို