ကျုံပျော်မြို့နယ်တွင်  (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ စည်ကားစွာ ကျင်းပပြုလုပ်

ကျုံပျော် ဇန်နဝါရီ  ၅

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြည်သူ့အားကစားခန်းမအတွင်း၌ ယနေ့ညက  စည်ကားစွာ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင်  Of The MILD တေးဂီတအဖွဲ့၏ ဖျော်ဖြေမှု၊ ခြင်းလုံအားကစား သမားများ၏ မြန်မာ့ရိုးရာဝိုင်းခြင်း၊ အလှခတ်ခြင်း၊ ဟာသခြင်းလုံးခတ်ခြင်းနှင့် ဟာသလူရွှင်တော်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ဈေးရောင်းပွဲတော်ကိုပါ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာသို့   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ စည်ကားစွာလာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊  ပျော်ပွဲရွှင်ပွဲ၌ ပါဝင်ဖျော်ဖြေခဲ့ကြသူများအား ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့၌   မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးတွင်လည်း ပျော်ပွဲရွှင်ပွဲများ၊ ပြေးခုန်ပစ်၊ အာလူးကောက်၊ ထုပ်ဆီးတိုး၊ ချောတိုင်တက်၊ ဘောလုံး စသည့် အားကစားနည်းများဖြင့် ကျင်းပပေးခဲ့ရာ လူငယ် လူရွယ်များ  ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ကစားကြပြီး ပြည်သူများကလည်း တပျော်တပါး အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)