ဒဂုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိ

ဒဂုံ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကျောက်စိမ်းတွင်းဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က ကချင်ပြည်နယ် ဗန်းမော်အသင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဗန်းမော်အသင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကျောက်တံတားခရိုင်ဦးစီးမှူးနှင့် ခရိုင်မြို့နယ်ဝန်ထမ်းများက ကျောက်စိမ်းတွင်းဓမ္မာရုံတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်၊ မိတ္တူများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၇၆) ဦးအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်နှင့် မိတ္တူများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒဂုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရှိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)