မိုးနဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကျင်းပ

မိုးနဲ ဇန်နဝါရီ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က (အ.ထ.က) မိုးနဲကျောင်း ပုလဲဆောင်ခမ်းမ၌  ကျင်းပပြုလုပ်ရာ ကျောင်းသား၊ကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြိုနယ်ပညာရေးမှူး ဒေါ်နန်းယဥ်ယဉ်အေးက ပညာရေးစုံညီပွဲတော်များ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မြို့နယ်အဆင့် ဘက်စုံထူးချွန်ဆုရရှိသူများ၊ မြိူ့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အတန်းကူးပြောင်းစာမေးပွဲတွင် ဆုရရှိသူများ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ် ခဲ့ကြပြီး ကျောင်းသား ၊ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)