မြန်အောင် ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၌ ယမန်နေ့ နံနက်က အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ တစ်ပိဿာ(၆၆၁၇) ကျပ်၊ ဆန်တစ်ပြည် (၂၀၀၀) ကျပ်၊ ကြက်ဥတစ်လုံး(၃၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေးမှုအား မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမြင့်နိုင်၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ မြစ်ကျိုး အုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်း အုပ်စု နှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ (၂၈၆၀)ပိဿာ ရောင်းချ ပေးခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)