ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်းဦးသီလတွင် (ဆဋ္ဌမအကြိမ်)ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဇလွန် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား/ သူများအား (ဆဋ္ဌမအကြိမ်)အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ဦးသီလကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်း သားမိဘများစုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများအား ကျွေးမွေးခဲ့ကြသည်။ အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် (ဆဋ္ဌမ)အကြိမ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာအ.မ.က ဦးသီလကျောင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအုန်းကျော်နှင့်ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)