မိုင်းပန်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မိုင်းပန် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မဲဆန္ဒရှင်များ ဆန္ဒမဲ‌ပေးရာတွင် မဲစာရင်းစိစစ်ရာတွင် အချိန်ကြာမြင့်စွာမရှိစေရေး၊ MEVM (မြန်မာ့အီလက်ထ‌ရောနစ်မဲပေးစက်) ပြန်လည်စစ်ဆေးခြင်းနှင့် Installation ပြုလုပ်ခြင်းဆိုင်ရာမှားယွင်းမှုမရှိ‌စေရေး၊ မဲရုံမှူးမှ မဲရလဒ်များစာရင်းပြုစုရာတွင်  ကြိုတင်မဲ၊ မဲပေးစက်ရလဒ်များ ဇယားထည့်သွင်းရာတွင် တိကျမှန်ကန်စေရန်ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ ရပ်ကွက်/ကျေးရွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံတာဝန်ရှိသူများတို့က တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး မဲရုံများအားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)