ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(မင်းတဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများပြုလုပ်

ကြံခင်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (မင်းတဲ)၌ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့်စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း (မင်းတဲ) ဆရာမကြီး ဒေါ်ဆွေဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့် က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာရရှိလာစေရန်နှင့် ကျောင်း စာကြည့်တိုက်များတွင် စာပေဖတ်ရှုတတ်သော အလေ့ကျင့်များရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန် မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းပြောကြားပြီးနောက် “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ‌ဒေါ်မိုးမိုးစန်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး၊ ဝင်ရောက်ယှဉ်ပြိုင်ကြသူများအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့သည်။

ထို့နောက် ခြေချ၊ လက်ချဂိမ်းကစားနည်းအား အလှည့်ကျယှဉ်ပြိုင်စေခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့်ကစားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုး များပါဝင်သောမူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ၊ သဘာဝစွန့်ပစ်အမှိုက်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း