ရပ်စောက် ဇန်နဝါရီ ၆
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက ရပ်စောက်မြို့နယ် မြို့မဈေးနှင့် ကားဂိတ်များရှိ ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောက်များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်နှင့် ဝန်ထမ်းများက “တို့အတူတူမဲပေးကြမည်” အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက မည့်သည့်နေ့မှာမဲပေးရမည်၊ မည်ကဲ့သို့မဲပေးရမည်၊ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုးဖြစ်ပါက တိုင်းရင်းသားမျိုးနွယ်စုကိုလည်းမဲပေးနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)