လသာ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ အစည်းအဝေးတွင် လသာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်၀င်းက မဲရုံများ စနစ်တကျထားရှိ ပြင်ဆင်ထားရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် အောင်မြင်အောင် ဆောင်ရွက်ပေးစေလို့ကြောင်း မှာကြားခဲ့သည်။ ဆက်လက်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ရွေးကောက်ပွဲကိစ္စရပ်များနှင့် ပတ်သက်၍ မှာကြားရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အသီးသီးတင်ပြမေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လသာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် မဲရုံတာဝန်ကျမဲရုံမှူး၊ ဒု-မဲရုံမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)