ကိုကိုးကျွန်းမြို့နယ်၌ "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အ‌ရောက် ဆက်လက်ဖြန့်ဝေပေး

ကိုကိုးကျွန်း ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူမဲ‌ပေးကြမယ်” ရွေးကောက်ပွဲလှုပ်ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့် ရပ်ကွက်ဈေးဆိုင်များတွင် ဈေးရောင်းဈေးဝယ်လာကြသည့် ပြည်သူများအား “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်မဲပေးနိုင်‌ရေး ပြည်သူများထံ အသိပေးလှုံ့ဆော်မှုများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)