ကွမ်းခြံကုန်း ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား (U-10/U-18) အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီက အောင်ဆန်းသူရိယလှသောင်းအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ (U-18) ဗိုလ်လုပွဲယှဉ်ပြိုင်မည့် အသင်းများဖြစ်ကြသော အ-ထ-က လက်ခုပ်ကုန်းအသင်းနှင့် အ-ထ-က (ခွဲ) မန်းကလိပ်အသင်းတို့ယှဉ်ပြိုင်ကစားရာ အ-ထ- က (ခွဲ) မန်းကလိပ်အသင်းမှ (၁) ဂိုး၊ အ-ထ-က လက်ခုပ်ကုန်းအသင်းကဂိုးမရရှိခဲ့သဖြင့် အ-ထ-က (ခွဲ) မန်းကလိပ်ဘောလုံးအသင်းမှ တံခွန်စိုက်ဖလားပထမဆု ရရှိခဲ့ပြီး (U-10) ဘောလုံးပြိုင်ပွဲတွင်အုပ်စု (၉) အသင်းက ပထမ၊ အုပ်စု (၆) အသင်းက ဒုတိယ၊ အုပ်စု (၁၃) အသင်းကတတိယရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုများချီးမြှင့်ရာ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးဘောလုံးသမားဆုနှင့် ပထမဆုရရှိသော (U-18) အ-ထ-က (ခွဲ) မန်းကလိပ်ဘောလုံအသင်းအား ဆုချီးမြှင့်ငွေ (၄) သိန်းနှင့် ဆုဖလား၊ ဒုတိယဆုရရှိသော အ-ထ-က လက်ခုပ်ကုန်းဘောလုံးအသင်းအား ဆုချီးမြှင့်ငွေ (၃) သိန်းနှင့် ဆုဖလား၊ တတိယဆရရှိသော အ-ထ-က တော်ကူးဘောလုံးအသင်းအား ချီးမြှင့်ငွေ (၂) သိန်းနှင့် ဆုဖလား၊ (U-10) ဘောလုံးအသင်းမှ ပထမဆုရရှိသော အုပ်စု (၉) ဘောလုံအသင်းအား ဆုချီးမြှင့်ငွေ (၃) သိန်းနှင့် ဆုဖလား၊ ဒုတိယရရှိသော အုပ်စု (၆) အသင်းမှ ဆုချီးမြှင့်ငွေ (၂) သိန်းနှင့် ဆုဖလား၊ တတိယဆုရရှိသော အုပ်စု (၁၃) အသင်းမှ ဆုချီးမြှင့်ငွေ (၁) သိန်းနှင့် ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဆုများအား ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်၊ အဖွဲ့ဝင်ဗိုလ်မှူး ပြည့်စုံစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)