ကန်ကြီးထောင့်မြို့နယ်ရှိ ကျေးရွာအုပ်စုများ၌ မဲရုံတည်ဆောက်မှုအခြအနများအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မဲရုံတည်ဆောက်မှု အခြအနေများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ဦးဆောင်သော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်ရှိ ရေချိုကုန်း ကျေးရွာအုပ်စုနှင့် သဲဖြူကျေးရွာအုပ်စုများတွင် မဲရုံများဖွင့်လှစ်ရန်လျာထားမှု အခြေအနေများ၊ မဲစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများ၊ ကြိုတင်မဲပေးသည့်နေရာတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ကန်ကြီးထောင့်မြို့နယ်၌ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၇၃) အုပ်စုရှိရာ မဲရုံပေါင်း (၁၂၃) ရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး