လှိုင်သာယာ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၄ ရက်နေ့ နံနက် (၉) နာရီ၌ အမှတ် (၁၅) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁၇) နှင့် အမှတ် (၇) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းအမှတ် (၁၇)၊ အခြေခံပညာမူလွန်တန်းကျောင်း အမှတ် (၂၁) နှင့် အခြေခံပညာအထက်တန်းကျောင်းအမှတ် (၅) တို့တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်စုံညီပွဲတော်တွင် ကျောင်းတက်ရက်မှန်ဆု၊ ဉာဏထူးချွန်ဆု၊ ကာယထူးချွန်ဆုနှင့် အားကစားထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)