ဘိုကလေး ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့၌ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲ၌ အသုံးပြုမည့်မဲပေးစက်များအား မြို့လယ်ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တွင် ထားသိုသိမ်းဆည်းခဲ့ပြီး ယနေ့နံနက် (၉) နာရီအချိန်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မဲရုံတာဝန်ထမ်းဆောင်ကြမည့်မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးစက်များ စစ်ဆေးပြသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမဲပေးစက်များစစ်ဆေးမှုလုပ်ငန်းအား ယနေ့ဇန်နဝါရီ (၆) ရက်မှ (၇) ရက်နေ့အထိ (၂)ရက်တာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်တွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၈၆) အုပ်စုရှိ မဲရုံ (၂၆၅) ရုံအတွက် မဲပေးစက်စစ်ဆေးပြသခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူးများအား မဲပေးစက်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့စတင်ဆောင်ရွက်သည့်မဲပေးစက်များ စစ်ဆေးဆောင်ရွက်ခြင်းသည် လွှတ်တော် (၃) ရပ်နှင့် တိုင်းရင်းသားမဲပေးစက်များ မှန်ကန်မှုရှိ/မရှိ၊ မဲပေးစက်များတွင်အသုံးပြုမည့် ဆက်စပ်ပစ္စည်းများစုံလင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)