အမရပူရမြို့နယ်၌ ဒို့အတူတူမပေးကြစို့ LED ပိုစတာ ပြသ

အမရပူရ ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ကို ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက လှည့်လည်ပြသသည်။

အဆိုပါ လှည့်လည်ပြသမှုကို အမရပူရခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးတို့မှ ကြီးကြပ်ကာ မြို့နယ်အတွင်းရှိ အများပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်နှင့် ရပ်ကွက်နေပြည်သူများ တာဝန်ကျမဲရုံများသို့ သွားရောက်ကာ မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲများ သွားရောက်ပေးနိုင်စေရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်စေရန် ရည်ရွယ်၍ LED ပိုစတာ ကြော်ငြာဘုတ်ဖြင့် အမရပူရမြို့အတွင်း လှည့်လည်ပြသခြင်းများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝိုင်းဝန်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)