ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများဆင်းပွဲကို ယမန်နေ့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ကျိုင်းတုံ)တွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညိုက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်သည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထွဋ်ဦးနှင့်တာဝန်ရှိသူများက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်များနှင့် သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)