ကလော ဇန်နဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပရန်အတွက် MEVM မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမသို့ရောက်ရှိကြောင်း သိရသည်။
ထိုသို့ MEVM မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများရောက်ရှိရေးအတွက် ကလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက တောင်ကြီးမြို့မှ ကလောမြို့သို့ မော်တော်ယာဉ်ဖြင့်သည်ဆောင်လာခဲ့ပြီး မြို့နယ်ခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများက စနစ်တကျသယ်ပိုး၍ နေရာချထားကြပြီး မဲပေးစက်များကို ဇန်နဝါရီလ ၈ ရက်နေ့တွင် သက်ဆိုင်ရာ မဲရုံမှူး၊ဒုမဲ ရုံးမှူးများမှမဲပေးစက်များအား စစ်ဆေးသွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရှိ ကော်မရှင်ရုံးများအား စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)