ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်လွင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ထက်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်နှင့် ပြည်နယ်ပညာရေးမှူး ဒေါ်နော်ရုသ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှာစကာပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ရိုးရာအက၊တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)