မိုင်းဖြတ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ပြည်သူများပူးပေါင်းပါဝင်ရေး လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ ၅ ရက်၊ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ လှည့်လည်အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဝမ်မိုင်၊ ဈေးတန်းရပ်ကွက်၊ ဟိုးနား၊ ဝမ်ပုံ၊ နားမွန်း၊ နားလီ၊ ယန်းခမ်း၊ ပါပူးကျေးရွာများသို့ လှည့်လည်၍ မြန်မာ၊ ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသားဘာသာစကားများဖြင့် ရွေးကောက်ပွဲကျင်းပမည့်အခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများမဲရုံများသို့လာရောက်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားယူဆောင်လာရေး၊ မဲဆန္ဒရှင်များလိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)