မိုင်းယောင်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်ရေးအတွက် မဲစာရင်းပါဝင်သည့်မဲရုံ၌ သတ်မှတ်အချိန်အတွင်း မဲပေးနိုင်ရေး တစ်ရက်လျှင် နှစ်ကြိမ်နှိုးဆော်ခြင်း၊ မဲစာရင်းအမှတ်စဉ် Door to Door ဖြန့်ဝေခြင်းတို့ကို ရပ်ကွက်/ကျေးရွာအလိုက်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)