မိုးနဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မိုးနဲ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် အပိုင်း(၃)ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်ကထုတ်‌ဝေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြန်မာဘာသာနှင့်တိုင်းရင်းသားဘာသာများဖြင့် ရိုက်နှိပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုမဲပေးနည်းနှင့် မဲပေးခြင်းလုပ်ငန်း အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအေးလွင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုကိုဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်လဝကဦးစီးမှူး ဦးကျော်ကျော်ခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများက မြို့မဈေးကြီးအတွင်း သွားလာနေကြသော ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် စုစုပေါင်း (၁,၁၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)