ပုံပါကျင် ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့ရှိ အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ယမန်နေ့မွန်းလွဲ (၃ နာရီ ၃၀ မိနစ်)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်အောင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ဒုတိယအကြိမ်ထပ်မံလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
လှည့်လည်နှိုးဆော်ရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး တတိယအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်မှ၂၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်နေ့အထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း ကြေညာထားရှိပြီး အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိတို့၏အမည်စာရင်းအား သွားရောက်ကြည့်ရှု၍ မဲစာရင်းအမှတ်စဉ်အား မှတ်သားပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ပုံပါကျင်(ပြန်/ဆက်)