ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်မှ မိုင်းပျဉ်းမြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မိုင်းပျဉ်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ၂၀၂၆ ခုနှစ် ယနေ့နံနက် (၈)နာရီက မိုင်းပျဉ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် မိုင်းပျဉ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိုင်းပျဉ်းရွေးကောက်ပွဲ တာဝန်ကျကျိုင်းတုံခရိုင်အဖွဲ့၊ မိုင်းပျဉ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍  ရွေးကောက်ပွဲဆော်ဩရေးလုပ်ငန်းများ ဆောင်ရွက်ကြရေး၊ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လျင်မြန်လွယ်ကူစွာမဲပေးနိုင်ရေး၊ ကြိုတင်မဲပေးခြင်းများ စနစ်တကျဆောင်ရွက်ရေး၊ မဲရုံများစနစ်တကျဖွဲ့စည်း ပြင်ဆင်ထားရှိရေး၊ မဲရုံလုံခြုံရေးများ စနစ်တကျတာဝန်ချထားရေး၊ သတ်မှတ်ချက်များနှင့်အညီ သတင်းရယူဆောင်ရွက်ရေးနှင့်  ပညာရေးဆိုင်ရာကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မိုင်းပျဉ်းရွေးကောက်ပွဲတာဝန်ကျ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးဝင်းအောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကျော်တို့က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကြိတင်စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြရာ လူမှုရေးရာဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)