ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်မှ မိုင်းပျဉ်းမြို့နယ်အတွင်း  ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မဲရုံများကြည့်ရှုစစ်ဆေး

မိုင်းပျဉ်း ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ၂၀၂၆ ခုနှစ် ယမန်နေ့ ညနေ (၃)နာရီက မိုင်းပျဥ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် မိုင်းပျဥ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရှိ အလယ်ပိုင်းမဲရုံ၊ ပိန်းဆန်းမဲရုံနှင့် အောက်ဈေးတန်းမဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးကာ ကျိုင်းတုံခရိုင်လဝကမှူး၊ ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူး၊ မိုင်းပျဥ်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်များ၊ မဲရုံမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မဲစာရင်းတွင်ပါရှိသော မဲဆန္ဒရှင်ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ကြိုတင်အသိပေးဆော်ဩမှုများ လုပ်ဆောင်သွားရန်၊ မဲရုံဖွဲ့စည်းပြင်ဆင်မှုများအား စနစ်တကျဆောင်ရွက်သွားရန်၊ မဲဆန္ဒရှင်ပြည်သူများ မြန်ဆန်စွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ထားရှိရန်၊ မဲရုံလုံခြုံရေး၊ မဲရုံပရဝုဏ်သတ်မှတ်ပြင်ဆင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)