လွိုင်လင်မြို့ အ.ထ.က(၃)တွင် ပညာရေးစုံညီပွဲတော် ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၇

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လွိုင်လင်မြို့၊ အ.ထ.က(၃) ကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို ကျောင်းသား/သူများမှ “ကြိုဆိုပါသည် စုံညီပွဲတော်”တေးသီချင်း သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် လွိုင်လင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်ကိုယ်စား ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်သီတာဖြူတို့က အသီးသီးအမှာစကားပြောကြားပြီးနောက် ပညာရည်ချွန်ဆုများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြသည်။

ဆက်လက်၍ အ.ထ.က(၃) ကျောင်းသား/သူများက တေးသရုပ်ဖော်အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဆရာ/ဆရာမများ၊ ကျောင်သား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး