ချမ်းအေးသာစံ ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ ဆုတောင်းပြည့်မြတ်စွာဘုရားစေတီတော်နှင့် ဓမ္မာရုံဘက်စုံပြုပြင်မွမ်းမံလှူဒါန်းခြင်းအောင်ပွဲ အထိမ်းအမှတ် အထူးဓမ္မသဘင်ပွဲကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းက လမ်းလယ်ဆုတောင်းပြည့်ဘုရား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထူးဓမ္မသဘင်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံမှ ငါးပါးသီလ ခံယူကာ ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားသော နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ နာယူခဲ့ကြသည်။ ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးအား အလှူရှင်များက လှူဖွယ်ဝတ္တုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုများအတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ပြန်/ဆက်)