ငရုတ်ကောင်းမြို့၌ ရွေးကောက်ပွဲကျင်းပမည့်မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ငရုတ်ကောင်း ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် သက်ဆိုင်ရာ မဲရုံတာဝန်ကျ ဌာနဆိုင်ရာများမှ သစ်ရောင်းကျေးရွာအုပ်စုနှင့်မိုးတိမ်ပြင်ကျေးရွာအုပ်စုများရှိ မဲရုံများအားကွင်းဆင်းကာ သက်ဆိုင်ရာမဲရုံများ၏ ပြင်ဆင်ထားရှိမှု၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များ၏ တာဝန်ထမ်းဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)