ပြည်ကြီးတံခွန်မြို့နယ်၌ ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ကားဖြင့် လှည့်လည်ပြသ

ပြည်ကြီးတံခွန် ဇန်နဝါရီ ၇

 မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ကားဖြင့် လှည့်လည်ပြသခြင်းကို  ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီ ၄၅ က လှည့်လည်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်ပြသမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်ကာ မြို့နယ်အတွင်းရှိ အများပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ရပ်ကွက်နေပြည်သူများ တာဝန်ကျမဲရုံများသို့ သွားရောက်ကာ မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲများ သွားရောက်ပေးနိုင်စေရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်စေရန် ရည်ရွယ်၍  LED ပိုစတာ ကြော်ငြာဘုတ်ကားဖြင့် လှည့်လည်ပြသခြင်းများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)