ကျိုက်လတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေး

ကျိုက်လတ် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ မဲဆန္ဒရှင်များ၏ မဲစာရင်းများ အက္ခရာအစဉ်လိုက်ဖြစ်စေရေး လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၃) အုပ်စု၌ မဲရုံပေါင်း (၂၀၇) ရုံတို့ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်