ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခြင်းကို ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က ပုသိမ်ကြီး ကျောင်းသား/ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းဆုများနှင့် ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း အဖွဲ့ဝင် ဗိုလ်မှူးဝေယံမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများက ဖျော်ဖြေရေး အစီအစဥ်များဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ အခမ်းအနားအား ပြည်မြန်မာ သီချင်းဖြင့် သီဆိုပိတ်သိမ်းခဲ့ပြီး၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ဇာနည်ကိုကို (ပြန်/ဆက်)