တိုက်ကြီး ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့က ဂျိုးဖြူအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ မီတာ ၅၀၀ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲများကို ကျင်းပရာ ပြည်သူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)