လှိုင်သာယာ(အရှေ့ပိုင်း)၊ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းထောင့်ရှိ ဘုရင့်နောင်ပန်းခြံတွင် ကျင်းပလျက်ရှိသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ (ပဉ္စမည)တွင်လည်း ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါစျေးရောင်းနှင့်ဂီတ ဖျော်ဖြေရေးပွဲတော်တွင် စားသောက်ဆိုင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ မုန့်ဈေးတန်းများ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ချားရဟတ်စီးကြသူများ၊ အမှတ်တရ အလှဓာတ်ပုံရိုက်ကြသူများ၊ ကလေးကစားကွင်းများနှင့်ညပိုင်းတွင် Music Band ၊ DJ များနှင့် တွဲဖက်၍ အနုပညာရှင် အဆိုတော်များ၊ ဟာသလူရွှင်တော်ငြိမ်းချမ်း၊ အုန်းသီးနှင့် ကျော်ထက်အဖွဲ့မှ သီဆိုကပြဖျော်ဖြေခဲ့ကြရာ ပြည်သူများ ပျော်ရွှင်စွာ ပါ၀င်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ ပွဲတော်သို့အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် အဖွဲ့ဝင်တို့က ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှတာဝန်ရှိသူများက မီးရှူးမီးပန်းများ ပစ်ဖောက်၍ ကပြသီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး စျေးပွဲတော်လာပြည်သူများအား ကောက်ညှင်းပေါင်းနှင့် ဆီထမင်း(၃၀၀၀)ဘူး စတုဒိသာ ကျွေးမွေးခဲ့ကြောင်းသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)