ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ဒလ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက သဘာဝဘေး အန္တရာယ်အကြောင်းအသိပညာပေးပြောကြားရာတွင် ငလျင် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန်အချက်များ၊ ငလျင်လှုပ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့်ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ မုန်တိုင်းကျရောက်လာပါက လိုက်နာမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်‌နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များနှင့် မိုးလေ၀သ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း‌ စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်စာစောင်များ၊ သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ရဲရင့်သူ (ပြန်/ဆက်)