ဖျာပုံ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့အ.ထ.က(၁)ကျောင်းအောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း လူရည်ချွန်ရရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဥာဏ စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်နှင့် ကျောင်းအုပ်၊ ဆရာကြီး၊ဆရာမကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြရာ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ ထို့နောက် မြို့ပေါ်အခြေခံပညာ ဦးစီးဌာနအောက်ရှိကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက “စုံညီပွဲတော်တူနွှဲပျော်”၊ “နောင်အင်းလေး”၊ “ဗမာမလေးပါရှင့် အလှကမ္ဘာမြေ”၊ “ဇာတိမာန်” စသော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်