ကျောက်တန်း ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဥယျာဥ်ကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဍ)မှ ကျေးရွာခန်းမဆောင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းပြီးစီး၍ စာရွက်စာတမ်းများ လွှဲပြောင်းပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်နိုင်နှင့် ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြစိမ်းရောင် (ငါးကဏ္ဍ)ကော်မတီများ၊ ဖွံ့ဖြိုးရေးကော်မတီအဖွဲ့၀င်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါကျေးရွာခန်းမဆောင် ခြံစည်ရိုးအရှည်မှာ (၆၄' x ၅၂' x ၇') ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေမှ ငွေကျပ် သိန်း (၈၆,၀၀,၀၀၀) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်၊၊
နေလင်းကျော် (ပြန်/ဆက်)