အ.ထ.က(ခွဲ)ကျွန်းတော၌ ကျောင်းတွင်းပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်စျေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

တွံတေး ဇန်နဝါရီ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျွန်းတောတွင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ကျောင်းတွင်းပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်စျေးပွဲတော်ကို ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ နိဗ္ဗာန်စျေးပွဲတော်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းဦးဆောင်၍ ဆရာ၊ ဆရာမများနှင့် KG မှ Grade-12 အထိအတန်းများမှ ကျောင်းသား၊ကျောင်းသူ အလှူရှင်မိဘများက မိမိတို့အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ယင်းနောက်ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စေရန်အတွက် ကံစမ်းမဲများဖောက်ပေးကာ နိဗ္ဗာန်စျေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခုလို နိဗ္ဗာန်စျေးပွဲတော်ကို ကျောင်းသား၊ကျောင်းသူတွေက လှူဒါန်းချင်လို့ မိဘဖြစ်တဲ့ကျွ န်မတို့က ပြန်လည်ဖြည့်ဆည်းပေးခဲ့တာပါ။ ကျောင်းမှာ ပျော်ပွဲရွှင်ပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ တစ်ညီတစ်ညွတ်တည်း ဆောင်ရွက်တာတွေ့ရတော့ ပျော်ပါတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သည်။

မျိုးလှိုင်(တွံတေး)