တံတား ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ရှေးဟောင်းသမိုင်းဝင် သုံးလောကထွဋ်ခေါင် မာရ်အောင်ရတနာဘုရာကြီး၏ (၁၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာပူဇာ ပူဇော်ပွဲ အခမ်းအနားကို ယမန်နေနေ့လယ်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒြောဘာသ အရှင်သူမြတ်က အနုမောဒနာတရား ဟောကြားပေးခဲ့ပြီးနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်(၁၁၀)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေပိုင်းမှစ၍ (၅)ရက်တိုင် ပျော်ပွဲရွှင်ပွဲများနှင့် ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)