ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကွမ်းခြံကုန်း    ဇန်နဝါရီ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲ ယ‌နေ့နံနက်ပိုင်းက တော်ခရမ်းအရှေ့ကျေးရွာ အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်နန့်ဆွေနွယ်ဦးက ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများ ဟောပြောပြီး တော်ခရမ်းအရှေ့ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပပြီး ဆုရရှိသူ ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုကြပြီး ပြသထားသော နံရံကပ်စာစောင်များ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)