ကမာရွတ်မြို့နယ်တွင် သမိုင်းယဉ်ကျေးမှု ဘာသာစာပေဆိုင်ရာ စာဖတ်ဝိုင်း စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်းပြုလုပ်

ရန်ကုန်   ဇန်နဝါရီ   

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမာရွတ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်းပြီး “မြန်မာတို့၏ ဟင်္သာအလေး၊ တိုးအလေး၊ ခြင်္သေ့အလေး” တို့၏ ထူးခြားသော ဝိသေသလက္ခဏာအကြောင်း စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါစိမ်းလဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာဦးဝင်းသိန်း၊ စာရေးဆရာ တက္ကသိုလ်ဟန်မင်းဦးတို့က အသီးသီးအမှာများ စကားပြောကြားခဲ့ကြသည်။

ထို့နောက် ဆရာခင်မောင်သော်က မုဒိတာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ဒေါက်တာလှသောင်းက “မြန်မာတို့၏ ဟင်္သာအလေး၊ တိုးအလေး၊ ခြင်္သေ့အလေး” အကြောင်းကို ရှင်းလင်းဆွေးနွေးပေးပြီး စာပေဝါသနာရှင်များက သိလိုသည်များ မေးမြန်းကြရာ ဆရာကြီးက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကမာရွတ်စာပေချစ်မြတ်နိုးသူများ (Book Club) စာရေးဆရာများနှင့် စာပေဝါသနာပညာရှင်များ တက်ရောက်၍ စာအုပ်ပါ ထူးခြားသော ဝိသေသလက္ခဏာ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)