ငရုတ်ကောင်း ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများ မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု တတ်စေရန်၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာရှိ စခန်းသာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် ငပုတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းသိန်းထို့က ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲကာလ မဲရုံမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ပြောကြားခဲ့သည်။
ထို့နောက် မဲရုံအသီးသီးတွင် တာဝန်ကျသည့် စက်ကိုင်ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို တစ်ဦးချင်းလက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)