ကျောင်းကုန်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကျောင်းကုန်း ဇန်နဝါရီ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောင်းကုန်းမြို့နယ်၊ ပန်းတောရိုး‌အုပ်စု၊ ပန်းတောရိုး အနောက်စုကျေးရွာအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အဆိုပါ ကျေးလက်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက စီမံကိန်း ရည်ရွယ်ချက်အတိုင်း ကျေးရွာမှအောင်မြင်အောင်ဆောင်ရွက်ကြဖို့လိုကြောင်းပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က ကျေးရွာသူ/သားများရန်ပုံငွေကို အကျိုးရှိအောင်အသုံးချကြဖို့နှင့် ရရှိလာသောအတိုးရငွေများဖြင့် မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားဖို့ ပြောကြားခဲ့သည်။

ထို့နောက်မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေရရှိသည့် ပန်းတောရိုးအနောက်စုကျေးရွာအားတာဝန်ရှိသူက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်