လသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

လသာ ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို သတ်မှတ်ရက်အတွင်း စနစ်တကျဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းက ကြိုတင်မဲပေးခြင်းကို မဲရုံမှူးများ၏ ကြီးကြပ်မှုအောက်တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိသည်။

ကြိုတင်မဲပေးခွင့်ရရှိသည့် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ မဲပေးခွင့်ကို လွတ်လပ်စွာ အသုံးချနိုင်ရေးအတွက် လိုအပ်သည့် စီမံချက်များကို ကြိုတင်ပြင်ဆင်ထားပြီး မဲပေးလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကြိုတင်မဲများကို လုံခြုံစိတ်ချရစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျသိမ်းဆည်းထိန်းသိမ်းထားပြီး မဲရေတွက်မှုလုပ်ငန်းများကိုလည်း သတ်မှတ်စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လသာမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။

နေလင်း (ပြန်/ဆက်)