လားရှိုးမြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လားရှိုး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီး ရုံခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည် ဌာနဆိုင်ရာအကြီးအကဲများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနှင့် ဆေးဆိုင်များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်ပေးနိုင်ရေးအတွက် အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အခမဲ့ကုသပေးနိုင်ရေးနှင့် လာရောက်ကုသပေးမည့် အထူးကုဆရာဝန်ကြီးများအတွက် လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)