ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကြိုတင်ဆန္ဒမဲပုံများ၏ လုံခြုံမှုအဆင့်အတန်းအား ကြည့်ရှုစစ်ဆေး

ကြည့်မြင်တိုင် ဇန်နဝါရီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်ရုံး၌ ကြိုတင်ဆန္ဒမဲပေးသည်နေရာ၊ မဲပုံးများ၏ လုံခြုံမှုအဆင့်အတန်းထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ကြိုတင်ဆန္ဒမဲပုံးများ၏ လုံခြုံရေးကြိုးချည်ထားမှုအခြေအနေ၊ ဆန္ဒပြုခန်းများ၊ မဲဆန္ဒရှင်စာရင်းများ ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကြိုတင်ဆန္ဒမဲပုံများ၏ လုံခြုံမှုအဆင့်အတန်းအား ကြည့်ရှုစစ်ဆေးရာကို ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)